DASSK & UTS

Speaking at British Parliament as first time for Asian Country's Feature
ဗြိတိန်နိုင်ငံ၊ ပါလီမန်၂ခုစလုံးအခမ်းအနားမှာ
ဒေါ်အောင်ဆန်းစုကြည် စကားပြောခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်များအကြား
ပထမဆုံးစကားပြောဆိုခြင်းပါ။ ပထမခရီးစဉ် ထိုင်းနိုင်ငံမှာ
ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို World Economic Forum မှာ
စကားပြောခွင့်ရခဲ့ပါတယ်။ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့မှာ နိုဘယ်ဆုလက်ခံရင်း
နိုဘယ်ဆုရှင်များကို စကားပြောခွင့်ရခဲ့ပါတယ်။ အခု မြန်မာလူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်

British Royal Prince Charles
ဗြိတိသျှအိမ်ရှေ့မင်းသား ဇနီးမောင်နှံနှင့်တွေ့ဆုံခြင်း
ကိုယ်တွေ့ဖြစ်ရပ်အချို့
အသက်၇၀ကျော် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦး Peter Chan နဲ့ စင်ကာပူမှာမိတ်ဆွေဖြစ်
စကားပြောခဲ့ဖူးပါတယ်။ သူက အင်ဒိုနီးရှားကျွန်းတွေမှာ လျှပ်စစ်ထုတ်ရောင်းတဲ့
တရုပ်နိုင်ငံသားတဦးပိုင်တဲ့ စက်ရုံများကို၊ ၀ယ်ပြီး၊ မြန်မာအင်ဂျင်နီယာများကို
ငှားရမ်း၊ လုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ကို လာတွေ့ခြင်းပဲဖြစ်ပါတယ်။
သူကပြောတယ်.. မြန်မာနိုင်ငံကို ခဏခဏရောက်ဖူးတယ်။ သိပ်ကောင်း တယ်။ ကချင်ပြည်နယ်ဆို
သဘ၀ရှုခင်း၊ လူသားတွေ အရမ်းပျော်ဖို့ကောင်းတယ်။ ခင်ဗျားတို့နိုင်ငံ
အခုပြောင်းလဲလာပြီး..၀မ်းသာပါတယ်။ စင်ကာပူလူမျိုးတွေ အခုမှ မြန်မာပြည်ကို
လုပ်ငန်းသွားလုပ်ဖို့ လှုပ်ရှားနေကြတယ်။ ကျွန်တော်က ဒီလို သူများလုပ်မှ
လိုက်လုပ်တာမျိုး လုပ်လေ့မရှိဘူ။ ဒါနဲ့ .. ကျွန်တော်ငယ်စဉ်က စင်ကာပူရဲ့
စကောလားရှစ်နဲ့ ဗြိတိန်နိုင်ငံမှာ ပညာသင်ခဲ့တယ်။ အဲဒီတုံးက စင်ကာပူနားက
ဗြိတိသျှစစ်သင်္ဘောကြီးတခုရှိတယ်။ ဗြိတိသျှ အိမ်ရှေ့မင်း ဝေလမင်းသား စင်ကာပူလာတုန်း
အဲဒီသင်္ဘောပေါ်မှာ ညစာစားပွဲကျင်းပတော့ ကျောင်းသားအရွယ် ကျွန်တော်လည်း
ဖိတ်ကြားခံရတယ်။ ဝေလမင်းသားက ညစာမစားခင် စားပွဲတွေမှာ လိုက်နှုတ်ဆက်ရင်း ကျွန်တော်
ဆယ့်ခြောက်နှစ်သားကို လာပြီးစကားပြောတယ်ဗျ၊ ကျွန်တော်နဲ့ မိနစ်အနည်းငယ်
အလာပ၊သလာပ ပြောချိန်မှာ ဗြိတိသျှပညာရေးကို ဘယ်လိုမြင်သလဲ မေးတော့၊ ကျွန်တော်တို့
"O" Level စာမေးပွဲအဖြေလွှာတွေ အင်္ဂလန်ကိုပို့ပြီး စာစစ်တာ အချိန်ကုန်၊
တရားမျှတမှုလည်း မရှိဘူး...လို့ ငယ်ရွယ်သူပီပီ ပြောချပစ်လိုက်မိတယ်။ မေးတော့
..ကိုယ့်ခံစားချက်ကို ပြောပစ်လိုက်တာပေါ့။ နောက်နှစ်မှာ "O" Level
အဖြေလွှာတွေကို စင်ကာပူမှာပဲ ခြစ်တော့မယ် .. သတင်းထွက်လာတော့
ကျွန်တော်အံ့သြမိတယ် ...လို့ ပြောပါတယ်။
မနေ့ကလည်း ဗီယက်နမ်မှာ သြစတြေးလျှား၊ ဆစ်ဒနီကလာတဲ့ နို့မှုန့်ဘူး၊ စည်သွတ်စက်ရုံ
ဒီဇိုင်းလုပ်တဲ့ ဥရောပတိုက်သားတဦး Andrew P. နဲ့ ညစာစားပွဲမှာ စကားပြောရင်၊
သူကပြောတယ်။ ခင်ဗျားက မြန်မာပြည် Burma .. သိတာပေါ့။ မနေ့ကတောင် (ဒေါ်)
အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်မှာ စကားပြောသွားသေးတယ်။ ကျွန်တော်လည်း
ပိုလန်လူမျိုး။ သြစတြေးလျှားကို ရွှေ့လာတာ ၂၈နှစ်ရှိပြီ။ ၁၉၈၉မှာ ကျွန်တော်တို့လည်း
နိုင်ငံပြုပြင်ပြောင်းလဲလာတာ ပိုလန်နိုင်ငံသားတွေ တော်တော်အဆင်ပြေလာတယ်။ အခုဆို
ပိုလန်နိုင်ငံက အီးယူ EU ဥရောပဘုံဈေးအဖွဲ့ဝင်ဆိုတော့ ပိုလန်နိုင်ငံသားတွေ ဂျာမဏီ၊
အင်္ဂလန်၊ စပိန်၊ ပြင်သစ် .. စတဲ့ နိုင်ငံတွေမှာ အလုပ်ရရင် သွားလုပ်လိုက်ရုံပဲ၊ Work
Permit, Employment Pass တွေ လျှောက်နေစရာမလိုဘူး၊ ကုမ္ပဏီထောက်ခံစာနဲ့ဆို
အဲဒီနိုင်ငံကြီးတွေမှာ ကြိုက်သလို နေထိုင်၊ အိမ်ဝယ် .. လုပ်ကိုင်စားလို့ရတယ်။
ကျွန်တော်လည်း ပိုလန်နိုင်ငံနဲ့သြစတြေးလျှား ပတ်စပို့၂ခု ကိုင်ထားတော့ ကျွန်တော်၊
ဥရောပဘုံဈေးနိုင်ငံတွေမှာ အလုပ်သွားလုပ်လို့ ရတယ်။ သြစတြေးလျှား နိုင်ငံသားပဲ
ဆိုရင် သွားလုပ်လို့မရဘူး၊ Work Permit ထပ်လျှောက်ရဦးမယ်။ ဒီတော့ ပိုလန်နိုင်ငံ
ပတ်စပို့ကိုင်ထားရတာ ကောင်းတယ်။ ပိုလန်နိုင်ငံတော့ ပြန်သွားချင်ပေမဲ့
၎နှစ်တခါလောက်ပဲ အလွမ်းပြေ သွားလည်ရတယ်။ မိသားစုက သြစတြေးလျှားမှာ ဆိုတော့၊
ဆစ်ဒနီပဲ ကောင်းပါတယ်ဗျာ .. လို့ ပြောသွားပါတယ်။
မြန်မာပြည်တွင်းကိုမျှော်ကြည့်ခြင်း
ကျွန်တော် အခု ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ဆိုင်ဂုံမြို့) မှာ
စင်ကာပူ-ဗီယက်နမ် စက်မှုဇုံမှာ စက်ရုံဆောက်လုပ်ရေးအတွက် အလုပ်လာလုပ်နေပါတယ်။
ဗီယက်နမ်ဟာ ပြုပြင်ပြောင်းလဲလာတာ ၁၈နှစ်ရှိပြီး၊ Body, Mind, Spirit
၃မျိုးမှာ ပထမ၂မျိုးကတော့ မြန်မာထက် ၃ဆလောက် သာနေပါပြီ။ ဥပမာ တလ ဒေါ်လာ ၁၀၀၀
လစာရသူနဲ့၊ တလ ဒေါ်လာ ၃၀၀၀ လစာရသူ၂ယောက် အဆင့်အတန်းကွဲပြားသလိုပါ။ Spiritual ဆိုတဲ့
အဆင့်မှာတော့ မြန်မာလူမျိုးတွေက ပိုပြီးမြင့်မားတယ်လို့ ဆိုချင်ပါတယ်။ ၀ိညာဉ်ရေး
Spritual ဆိုတာ မြန်မာများအဖို့ စကားလုံးအသစ်အဆန်းဖြစ်ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ၊
တေးရေးဆရာများ ဇျာန်ဝင်ပြီး သူတို့ဝါသနာပါတဲ့အလုပ်လုပ်နေရတာကို
ဝိညာဉ်ရေးအားကောင်းချိန်လို့ ခေါ်နိုင်ပါတယ်။ ၀ိညာဉ်ရေးအားကောင်းရင် လောကဓံကို
ကြံကြံခံနိုင်ပါတယ်။ ဒါကြောင့် ဘာသာရေး၊ ကိုးကွယ်မှု ဆိုတာဖြစ်လာရပါတယ်။ ဗီယက်နမ်၊
တရုပ်လို ကွန်မြူနစ်တွေမှာတောင် ၀ိညာဉ်ရေးအတွက် ကွန်ဖြူးရှပ်၊ တာအို ၀ါဒများကို
သင်ကြား၊ကျင့်သုံးကြပါတယ်။
မြန်မာနိုင်ငံမှာတော့ ဗုဒ္ဓဘာသာတင်မက၊ ခရစ်ယာန်၊ မူဆလင်၊ ဟိဒြူ ဘာသာရပ်များ တော်တော်
ထွန်းကားပါတယ်။ လိုက်စားကျင့်သုံးကြပါတယ်။ လောကီ နဲ့ လောကုတ္တရာ၂ခု
တန်းတူမြင့်မားလာဖို့က မလွယ်ပါဘူး။ လောကီဆင်းရဲတဲ့ မြန်မာပြည်မှာ လောကုတ္တရာ
ဘာသာရေးထွန်းကားတယ်ဆိုတာ သဘာဝကျပါတယ်။ ရှင်းရှင်းရေးရင် မြန်မာပြည်မှာ
တရားထိုင်သူတွေ၊ ခုမြင်၊ခုပြောက်တွေကို မြင်ပြီး တရားကျနေသူတွေ အများကြီးပါ။
မြန်မာသမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို ယူတြုမှာလည်း မတင်ကြပါဘူး။ တင်ရင်လည်း
သူ့စကားနားထောင်သူအများစုဟာ မြန်မာပြည်တွင်းမှာပဲ ရှိနေတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ယူတြုဗီဒီယိုလောက် ကောင်းမှာလည်းမဟုတ်ပါဘူး။ နိုင်ငံတကာရော၊ လူထုပရိတ်သတ်ကိုရော
အာရုံစူးစိုက်မှုကို ဦးသိန်းစိန်မပေးနိုင်တော့၊ ဒေါ်အောင်ဆန်းစုကြည်ကို
နိုင်ငံတကာသွားရောက်စေပြီး၊ မြန်မာဂုဏ်ရည်ဖေါ်ပြ၊
(လူပြ၊ရင်းနှီးမြှတ်နှံမှုတောင်းခြင်း) ဟာ အမျှော်မြင်ရှိတဲ့ လုပ်ရပ်တခုပါပဲ။
ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို သူတပါးက လုပ်သွားရင်၊ စီးပွားရေးသမားဆိုရင် ..တောက်၊
နာတယ်ကွာ ..လို့ ကြိတ်မနိုင်ခဲမရ ဖြစ်ကောင်းဖြစ်သွားပါမယ်။ သမ္မတဦးသိန်းစိန်တော့
ဒီလိုခံစားမဲ့ လူတန်းစား မဟုတ်နိုင်ပါ။ သူ့ရဲ့လူတွေကသာ ... အတိုက်အခံခေါင်းဆောင်ကို
ကြောက်ရွံလာမှာမြင်ယောာင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြည်တွင်း၊ ပြည်ပမှာ တခဲနက်ထောက်ခံလာလို့ မြန်မာအာဏာပိုင်များ
ရာထူး၊စည်းစိမ်ပြုတ်မှာ စိုးရိမ်နေကြမယ်။ အတိုက်အခံတွေ အာဏာမရသေးဘူး၊ ကြီးကျယ်၊
တလူလူလွှင့်နေတာကို ဦးသိန်းစိန်အစိုးရက အပေါ်စည်းက ကြည့်နေပါတယ်။ ကြံဖွံ့ပါတီ
ပြုပြင်ပြောင်းလဲရေး (လူသန့်စင်ရေး) တွေ လုပ်နေပါပြီ။
ကြားဖြတ်ရွေးကောက်ပွဲတခုလုံးကို ကြည့်ရင် ကြံ့ဇွံ့ပါတီ ၄၀ရာနှုန်းလောက် ပျမ်းမျှ
မဲရတယ် ဆိုတာ တွေ့ရပါတယ်။ ကြံ့ဖွံ့ ပါတီ လူသန့်စင်ရေးလုပ်ပြီး၊ အင်အယ်ဒီကို ၂၀၁၅မှာ
ပြိုင်မယ်။ လူထုကိုလည်း ငွေ (လုပ်ပိုင်ခွင့်)တွေ လုပ်ပေးလိုက်မယ်၊ မဲပေးခါနီးမှ
ပင်စင်လစာ၊ ဘောနပ်စ် တိုးပေး၊ ဘာသာရေးခေါင်းဆောင်များကို သူတို့ရဲ့ သာသနာအတွက်
လုပ်ပိုင်ခွင့် (ငွေ၊ ပါမစ်)တွေ ပေးလိုက်ရင် ကြံဖွံ့ပါတီ ၅၁ရာနှုန်း
အသာလေးရနိုင်ပါတယ်။ သူတို့က အပေါ်စီးက နေတာဆိုတော့ ဟိုး
အင်ပါယာစတိတ်တိုက်ထိပ်ဆုံးကနေ နယူးယောက်မြို့ကြီးကို ကြည့်သလို၊ အပေါ်ကလူက
အောက်ကလူထက် အများကြီးသာပါတယ်။ အင်အယ်ဒီသန့်စင်ရေး (သာကူးများ၊
ငွေအားနဲ့ဝင်နေရာယူမှု) တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်နိုင်ရင်တောင် ၂၀၁၅
ရွေးကောက်ပွဲဟာ သိပ်တော့ မလွယ်လှဘူးလို့ မြင်ပါတယ်။
ကြံဖွံ့တွေကို လှောင်ပြောင်နေတဲ့ အင်အယ်ဒီ ထောက်ခံသူများရဲ့ ကြွားဝါမှု
လုပ်ရပ်များဟာ ကြံဖွံ့ပါတီ ဆက်လက်ကြီးစိုးဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေတာ အင်အယ်ဒီ
ခေါင်းဆောင်များက သိပါတယ်။ ထိန်းသိမ်းဖို့ (ပြုပြင်ပြောင်းလဲဖို့) မလွယ်ပါဘူး။
နိဂုံး
မလွယ်ပါဘူး ပြောတာ၊ စိတ်လျှော့တာမဟုတ်ပါ။ သတိကြီးစွာနဲ့ ပျော်တဲ့အခါပျော်၊
အလုပ်လုပ်တဲ့အချိန်မှာ အလုပ်ကိုအလုပ်လို သတိကြီးစွာလုပ်ရန်ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့မှာ ပြောသွားတဲ့ မိန့်ခွန်းကို သတိရပါတယ်။ အင်္ဂလန်မှာ
အိမ်ဝယ်သူများဟာ ပိုက်ဆံရှိတိုင်း အိမ်ကို မ၀ယ်ပါဘူး။ အိမ်ဝယ်မယ်ဆိုရင် အိမ်ရမယ်။
ဒါပေမဲ့ ဒီအိမ်ကို ၀ယ်ပြီးရင် ပြုပြင်ထိန်းသိမ်းဖို့ တနှစ်ကို ဘယ်လောက်ကုန်မလဲ
ဆိုတာ အင်္ဂလိပ်တွေ သတိကြီးစွာထားပြီး ဆုံးဖြတ်ပါတယ် ..တဲ့။ ဒီအတိုင်းပဲ
ဒီမိုကရေစီရဖို့ ကြိုးစားလုပ်ကိုင်ပြီး၊ ရပြီဆိုရင် ဘယ်လို
ဆက်လက်ထိမ်းသိမ်းရမယ်ဆိုတာ ပိုပြီးအရေးကြီးပါတယ် လို့ ပြောခဲ့ပါတယ်။
အခု ဒီမိုကရေစီကို ရပါပြီ။ နောက်ကြောင်းပြန်မလှည့်တော့ဘူးလို့ စာရေးသူမြင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ပါလီမန်မှာ ပြောကြားချက်နဲ့ သမ္မတဦးသိန်းစိန်
မြန်မာပါလီမန်မှာ ပြောကြားချက်၂ခုကို မြန်မာလို၊ အင်္ဂလိပ်လို ၂မျိုး မကြာမီ
စာအုပ်ထုတ်၊ ဝေငှဖို့ အစီအစဉ်ရှိပါတယ်။ ဦးသိန်းစိန် မိန့်ခွန်းကို လေ့လာကြည့်ရင်
စိတ်ရင်းစေတနာရှိသူဖြစ်ကြောင်း ၊ လက်ရှိ ဦးသိန်းစိန်အစိုးရ လုပ်ရပ်များက
သက်သေခံနေပါတယ်။ ပြသနာများကို ဖြေရှင်းနည်းဟာလည်း
အရင်မြန်မာအစိုးရအဆက်ဆက်လုပ်လာခဲ့တဲ့ Blame Someone, Inproper Words
(စကားလုံးကြမ်းများ) မသုံးတော့ပဲ၊ ဖြေရှင်းလာတာကို တွေ့ရပါတယ်။ စကားလုံးကြမ်းသူဟာ
စရိုက်လည်း ကြမ်းမှာ သေချာပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ပြောတဲ့ ၂၀၁၅မှာ
တိုင်းပြည်သူများရဲ့ ၀င်ငွေကို ၃ဆတိုးတက်အောင် ထက် ၂ဆ တိုးတက်ဖို့ပဲ
ကြိုးစားလုပ်ဆောင်၊ စီမံကိန်းချ၊ ရင်းနှီးမြုတ်နှံမှုများလာအောင်
(ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ထွက်စေပြီး) လုပ်ဆောင်နေပါတယ်။
အစိုးရခေါင်းဆောင် (ဦး)သိန်းစိန် နဲ့ လူထုခေါင်းဆောင် (ဒေါ်) အောင်ဆန်းစုကြည်တို့
မိန့်ခွန်း၂ခုပေါင်းကို လောလောဆယ်တော့ အင်တာနက်မှာ ရနိုင်ပါတယ်။
http://murann.com/dasskuts.htm
ပုံနှိပ် Print Out လုပ်ထားပြီး၊ ကိုယ်ပိုင်အချိန်များမှာ လေ့လာဖတ်ရှုမယ်ပါမယ်။
သေချာဖတ်ကြည့်ပြီးတော့
မိမိ မိသားစုအတွက် ဘာလုပ်ရမလဲ စဉ်းစားဖို့ ကျွန်တော်မှာရည်ရွယ်ချက်ရှိပါတယ်။
ဇော်အောင် (မုံရွာ)
၂၅-ဇွန်-၂၀၁၅